Tuesday, April 6, 2021

jeans

Jeans တွေအကြောင်း သင်မသိသေးတဲ့ အချက်တချို့



ခေတ်တွေ အလီလီပြောင်းခဲ့ပေမယ့် Jeans တွေဟာ လူကြိုက်အများဆုံးဖက်ရှင်ထုတ်ကုန်အဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။ Jeans တွေရဲ့ သက်တမ်းကို ခြေရာခံကြည့်မယ်ဆိုရင် အတော်ကြီးကို ရှည်ကြာပြီဆိုတာ တွေ့ရမှာပါ။

ဆိုစမှတ်ပြုမှုတွေအရ Jeans တွေကို ၁၅၀၀ ပြည့်လွန်နှစ်တွေက အီတလီနိုင်ငံ ဂျီနိုအာမြို့မှာ စပြီး တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ စပြီး တီထွင်ရတဲ့ ရည်ရွယ်ချက်တစ်ခုက အီတလီရေတပ်သားတွေ တာဝန်ချိန်မှာ ဝတ်ဖို့အတွက် ဖြစ်ပါတယ်။ အီတလီနိုင်ငံက Jeans တွေ စပြီး တီထွင်ခဲ့တယ်ဆိုပေမယ့်Jeans ထည်တွေကို ပြင်သစ်နိုင်ငံ နီးမတ်စ်မြို့က တင်ပို့လာတာပါ။

အင်္ဂလိပ်လို ‘နီးမတ်စ်မှ’ လို့ အဓိပ္ပါယ်ရတဲ့ De Nimes ဆိုပြီး အထည်တွေကို နာမည်တောင် ပေးခဲ့တာ ဖြစ်ပါတယ်။ Jeans ဆိုတဲ့ စကားလုံးဟာ Genes က လာပါတယ်။ ပြင်သစ်စကားဖြစ်ပြီး ဂျီနိုအာမြို့ Genoa ကို ပြောတာ ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ လူကြီးတွေဟာ Denim Jeans ဝတ်သူတွေကို သူပုန်တွေလို မြင်ခဲ့ကြပါတယ်။

၁၆ ရာစုမှာ စပြီး ပေါ်ပေါက်ခဲ့တယ်ဆိုပေမယ့် Jeans ဘောင်းဘီတွေ လူကြိုက်များလာတာ ၁၈၇၀ ပြည့်လွန်နှစ်တွေမှ ဖြစ်ပါတယ်။ လီဗိုင်း စထရော့စ်ဆိုသူကြောင့် နာမည်ကျော်သွားတာပါ။ သူဟာ မိုင်းလုပ်သားတွေနဲ့ တခြား အလုပ်ကြမ်းသမားတွေအတွက် ဈေးချိုပြီး အကြမ်းခံတဲ့ Jeans ထည်တွေ ထုတ်လုပ်ခဲ့ပါတယ်။

Jeans ပြာတွေ ထုတ်ရတဲ့ ရည်ရွယ်ချက်ဟာလည်း အလုပ်ကြမ်းသမားနဲ့ သင်္ဘောသားတွေအတွက် အပေတေခံစေဖို့ ဖြစ်ပါတယ်။ အခုဆို အမေရိကန်မှာ လူတစ်ယောက်ကို Jean ဘောင်းဘီ ၇ စုံနှုန်း ပျမ်းမျှ ပိုင်ဆိုင်နေကြပြီလို့ ဆိုပါတယ်။ ၁၉၅၀/၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေမှာ Jeans ဘောင်းဘီအပွစတိုင် ၊ အောက်ပွ Bootcut ဖက်ရှင်တွေ ခေတ်စားခဲ့ပြီး ဒီဘက်ခေတ်မှာ အကပ်သား Skinny Jeans တွေ လူကြိုက်များကြပါတယ်။

နောက်ပိုင်းမှာ Elastane လို့ခေါ်တဲ့ ချည်သားနဲ့ Denim ချည်တို့ ရောပြီး ဆွဲသားစတိုင်တွေပါ ထုတ်လာပြီ ဖြစ်ပါတယ်။ အံ့ဩဖို့ကောင်းတာတစ်ခုက ကမ္ဘာကျော် Levi’s Jeans ဖန်တီးသူ လီဗိုင်းစထရော့စ်ဟာ တစ်ခါမှ Jeans ဘောင်းဘီတစ်ထည်တောင် မဝတ်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ Jeans ဟာ လူဆင်းရဲတွေအတွက် ထုတ်ထားတာ ဖြစ်ပြီး သူကတော့ ချမ်းသာတဲ့ စီးပွားရေးသမားဖြစ်တာကြောင့်လို့ ဆိုစမှတ်ရှိပါတယ်။

#MasterVintageStore

No comments:

Post a Comment

Levi's ဂျင်းဘောင်းဘီအကြောင်း သိသမျှ ===== Levi's ဂျင်းဘောင်းဘီဟာ မြန်မာနိုင်ငံမှာ လူကြိုက်များပေမယ့် လီဗိုက်ဘောင်းဘီအကြောင်း သေချာ...